နေတိုးအဖွဲ့ဝင်များဖြစ်သော ပိုလန်၊လစ်သူယေးနီးယားတို့နှင့်ထိစပ်နေသောနယ်စပ်အနီးတွင် ဘီလာရုစ်က စစ်ရေးလေ့ကျင့်မှု စတင်
ဘီလာရုစ်သည် ဩဂုတ် ၇ ရက်တွင် ပိုလန်၊ လစ်သူယေးနီးယားတို့နှင့် ထိစပ်နေသော ၎င်း၏ နယ်စပ်အနီးတွင် စစ်ရေး လေ့ကျင့်မှုစတင်ခဲ့ရာ ရုရှားမှာ ပုန်ကန်ခဲ့ပြီးနောက် ဘီလာရုစ်ကို ရောက်လာသော ရုရှားအစိုးရနှင့် ဆက်စပ်နေသည့် ဝက်ဂနာ ကြေးစားစစ်သားများနှင့် ပတ်သက်၍ နေတိုးအဖွဲ့ဝင်နှစ်နိုင်ငံနှင့် တင်းမာမှုများတိုးလာချိန်တွင် ဘီလာရုစ်၏ စစ်ရေးလေ့ကျင့်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။