မြဝတီ-ဒေါနတောင်ကျော်အာရှလမ်းသစ်တွင် မြေပြိုကျကာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသဖြင့် ဒေါနတောင်ကျော် လမ်းဟောင်းကို ပြန်လည်အသုံးပြုသွားလာနေ
မြန်မာ-ထိုင်းနယ်စပ် မြဝတီ-ဒေါနတောင်ကျော်အာရှလမ်းသစ် တောနော်ရေတံခွန်အနီးမှာ မြေပြိုကျကာ လမ်းပိုင်းပြတ်သွားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့အတွက် ဒေါနတောင်ကျော် လမ်းဟောင်းကို ပြန်လည်အသုံးပြုသွားလာနေတယ်လို့ သိရပါတယ်။