မဏိပူရအကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသည့် အိန္ဒိယဝန်ကြီးချုပ်မိုဒီကို အတိုက်အခံများ ဝေဖန်
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးစုအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီ ဟာ နှုတ်ဆိတ်နေကြောင်း အတိုက်အခံတွေကစွပ်စွဲခဲ့ပြီး လွှတ်တော်မှာ မိုဒီရဲ့ အစိုးရအဖွဲ့ကိုဆန့်ကျင်တဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းရေးအတွက် အချေအတင်ဆွေးနွေးမှုတွေကို ဩဂုတ် ၈ ရက်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။