ဘီးလင်းမြစ်ရေမှာ ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် ၁၀၉၅ စင်တီမီတာသို့ ရောက်ရှိနေ၍ ဘီးလင်းမြို့နယ်အတွင်းနှင့် ဘီးလင်းမြစ် အောက်ပိုင်းဒေသများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွား
ဘီးလင်းမြစ်ရေဟာ ဩဂုတ် ၉ ရက် နံနက် ၉ နာရီခွဲတိုင်းတာချက်တွေအရ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအထက် (၁၀၉၅) စင်တီမီတာကို ရောက်ရှိနေတာကြောင့် ဘီးလင်းမြို့နယ်အတွင်းနဲ့ ဘီးလင်းမြစ် အောက်ပိုင်းဒေသ တွေအတွင်း ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။