ထိုင်ဝမ်ဒုသမ္မတ၏ အမေရိကန်ခရီးစဉ်အပေါ် တရုတ်၏စစ်ရေးအရတုံ့ပြန်မှုများကို မတွေ့ရှိရကြောင်း ထိုင်ဝမ်ပြောကြား
ထိုင်ဝမ်ဒုသမ္မတ ဝီလီယမ်လိုင် အမေရိကန်သို့ ခေတ္တသွားရောက်ခဲ့အပေါ် တရုတ်က ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်တပ်၏ အကြီးစားစစ်ရေးလေ့ကျင့်မှုများနှင့် အခြားစစ်ရေးလှုပ်ရှားမှုများကို မတွေ့ရှိရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။