အမေရိကန်က ယူကရိန်းထံ ဒေါ်လာသန်း ၂၀ဝ ရှိသော လုံခြုံရေးအကူအညီသစ်များ ပေးပို့မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
ယူကရိန်းကို ဒေါ်လာသန်း ၂၀ဝ ရှိ လုံခြုံရေးအကူအညီသစ်များပေးပို့သွားမည်ဟု ဩဂုတ် ၁၄ ရက်တွင် အမေရိကန် ပြည်ထောင်စုက ပြောကြားလိုက်ပြီး ပေးပို့မည့် အကူအညီများထဲတွင် လေကြောင်းကာကွယ်ရေး စစ်လက်နက်ပစ္စည်းများ၊ အမြောက်ကျည်ဆန်များ၊ နောက်ထပ်မိုင်းရှင်းလင်းရေးပစ္စည်းကိရိယာများ ပါဝင်သည်ဟု ဆိုသည်။