နိုက်ဂျာအာဏာသိမ်းမှုကို တုံ့ပြန်မည့် ကြားဝင်စွက်ဖက်နိုင်ရေးကိစ္စအတွက် အီကိုဝက်စ်အဖွဲ့၏ စစ်တပ်အကြီးအကဲများ ဆွေးနွေး
အနောက်အာဖရိက စစ်တပ်အကြီးအကဲတွေဟာ နိုက်ဂျာရဲ့အာဏာသိမ်းမှု နောက်ကြောင်းပြန်လှည့်စေဖို့ရည်ရွယ်တဲ့ ကြားဝင်စွက်ဖက်နိုင်မယ့်အလားအလာကို ညှိနှိုင်းဖို့ သြဂုတ် ၁၇ ရက်က ဂါနာနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။