တပ်မတော်(ရေ)မှ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများ ကိုကိုးကျွန်းအနီးရေပြင်တွင် ဆောင်ရွက်မည်ဖြစ်၍ လေ့ကျင့်ခန်းဧရိယာအတွင်း ဖြတ်သန်းခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်
တပ်မတော်(ရေ)စစ်ရေယာဉ်တွေဟာမတ်လ(၃)ရက်မှမတ်လ(၁၈) ရက်ထိကာလအတွင်းပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Combined Fleet Exercise) နဲ့လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းတွေကို ကိုကိုးကျွန်းအနီးရေပြင်မှာ လေ့ကျင့်ဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်မှုအရသိရပါတယ်။