ထိုင်းတွင် တည်ဆောက်ဆဲ ပင်လယ်ဆိပ်ကမ်းစီမံကိန်း၌ သံမဏိကြိုးပြတ်ကျ၍သံပြားပိကာ မြန်မာလုပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ
ထိုင်းနိုင်ငံအေရှ့ပိုင်း ရယောင်းပြည်နယ်မှာ တည်ဆောက်ဆဲပင်လယ်ဆိပ်ကမ်းစီမံကိန်းမှာ သံမဏိကြိုးပြတ်ကျပြီး သံပြားပိကာ မြန်မာလုပ်သားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရမှု ဩဂုတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာတဲ့ သတင်းတွေအရ သိရပါတယ်။