မြဝတီနယ်စပ်တွင် ရက်ပေါင်း ၂၀ နီးပါးပိတ်မိနေသော ကုန်တင်ယာဉ်ကြီးများ ယနေ့မှ သွားလာခွင့်ရ

မြဝတီနယ်စပ်တွင် ရက်ပေါင်း ၂၀ နီးပါးပိတ်မိနေသော ကုန်တင်ယာဉ်ကြီးများ ယနေ့မှ သွားလာခွင့်ရ
Published 25 August 2023

မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်ပျက်စီးပြတ်ကျသွားတာကြောင့် မြဝတီ နယ်စပ်မှာ ရက်ပေါင်း ၂၀ နီးပါး ပိတ်မိနေတဲ့ ကုန်တင်ယာဉ်ကြီးတွေ ဒီကနေ့ ဩဂုတ်၂၅ ရက်နေ့ နံနက်မှသာ သွားလာခွင့် ရ ကြပြီ ဖြစ်တယ်လို့ သိရပါတယ်။