မြန်မာနိုင်ငံ၌ငွေကြေးဖောင်းပွမှုနှုန်းများ အထိုက်အလျောက်မြင့်တက်လျက်ရှိကြောင်းနှင့်သွင်းကုန်တန်ဖိုး တွက်ချက်ရာတွင် တန်ဖိုး သင့်သည့် ငွေလဲလှယ်နှုန်းများမြင့်တက်မှုကြောင့် သွင်းကုန်တန်ဖိုးများမြင့်တက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြောကြား
မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းတွေအထိုက်အလျောက် မြင့်တက်လျက်ရှိကြောင်း၊ဒီလို မြင့်တက်ရတာဟာ လုပ်ခ လစာ မြင့်တက်တာ၊ ငွေကြေးပမာဏမြင့်တက်တာနဲ့ ဝယ်လိုအားမြင့်တက်မှုတွေကြောင့်မဟုတ်ဘဲ သွင်းကုန်တန်ဖိုးတွက်ချက် ရာမှာ တန်ဖိုးသင့်တဲ့ ငွေလဲလှယ်နှုန်းတွေမြင့်တက်မှုကြောင့် သွင်းကုန်တန်ဖိုးတွေမြင့်တက်တာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ပြောပါတယ်။