ပါကစ္စတန်တွင် ဆိုးရွားသောရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကြာသည်အထိ သန်းနှင့်ချီသောကလေးများသည် ထောက်ပံ့မှု လိုအပ်နေဆဲဖြစ်ဟု UNICEF ပြောကြား
ပါကစ္စတန်နိုင်ငံရဲ့ ဆိုးရွားတဲ့ရေကြီးမှုတွေဖြစ်ပွားပြီးနောက် တစ်နှစ်ကြာတဲ့အထိ ပျမ်းမျှ ကလေး လေးသန်းခန့်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေရရှိနိုင်ဖို့ ဆက်လက်လိုအပ်လျက်ရှိတယ် လို့ ကုလသမဂ္ဂ၏ကလေးသူငယ်များဆိုင်ရာအေဂျင်စီ UNICEF က သြဂုတ် ၂၅ ရက်မှာ သတိပေးပြောကြားခဲ့ပြီး ရန်ပုံငွေ ပြတ် လပ်မှုဟာ ပြန်လည်နာလန်ထူဖို့အတွက် အခက်အခဲတစ်ခုဖြစ်နေတယ်လို့ ဆိုပါတယ်။