တရုတ်တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ဟူနန်ပြည်နယ်တွင် လူထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ
တရုတ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ အဆက်မပြတ်ဖြစ်ပွားလျက်ရှိပြီး လာမယ့်နှစ်ရက်အတွင်း ပြည်နယ်အများ အပြားမှာ မိုးသည်းထန်တာနဲ့ ရုတ်တရက်ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နိုင်ကြောင်း တရုတ်မိုးလေဝသပညာရှင်တွေက သြဂုတ် ၂၈ ရက်မှာ သတိပေးခဲ့ပါတယ်။