သတင်းအကြောင်းအရာများအတွက် Google နှင့် Meta တို့က ဒေသတွင်းသတင်းဌာနများကို ငွေပေးချေရမည့် စည်းမျဉ်းများအား မလေးရှားနိုင်ငံ စဉ်းစားနေ
အင်တာနက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Alphabet ရဲ့ Google နဲ့ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta တို့က ရယူအသုံးပြုနေ တဲ့ သတင်းအကြောင်းအရာတွေအတွက် သတင်းဌာနတွေကို လျှော်ကြေးပေးရမယ့် စည်းမျဉ်းတွေကို မိမိတို့ စဉ်းစားနေတယ်လို့ စက်တင်ဘာ ၅ ရက်မှာ မလေးရှားက ပြောကြားပါတယ်။