မြန်မာနှင့် ရုရှား နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်အကြား နားလည်မှုစာချွန်လွှာရေးထိုးရန်နှင့် ဒေသန္တရ ရွေးကောက်ပွဲလေ့လာရန် UEC ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ သွားရောက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားလာမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟို ရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးဖို့နဲ့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒေသန္တရရွေးကောက်ပွဲကို လေ့လာဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာ ၆ ရက်က ရုရှားနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။