နစက,က ကျင်းပမယ့် ရွေးကောက်ပွဲ ဘယ်တော့ဖြစ်နိုင်မလဲ ...

နစက,က ကျင်းပမယ့် ရွေးကောက်ပွဲ ဘယ်တော့ဖြစ်နိုင်မလဲ ...
Published 10 September 2023

နစက,က ကျင်းပမယ့် ရွေးကောက်ပွဲ ဘယ်တော့ဖြစ်နိုင်မလဲ ...

''ဘယ်တော့ ဖြစ်မလဲဆိုရင် ခိုင်မာတဲ့ မဲစာရင်း၊ တိကျတဲ့ မဲစာရင်းရှိမှပဲ အဲဒီစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင်သည် ပထမအချက် စဉ်းစားလိမ့်မယ်။ ဒုတိယတစ်ချက်က လုံခြုံရေးနဲ့ ပတ်သက်ပြီး အကြားအလပ်မရှိဆိုတာကို ရည်မှန်းပေမဲ့ အခြေခံဥပဒေခွင့်ပြုချက်က ၅၀ ရာခိုင်နှုန်းကျော်သော လွှတ်တော်အမတ်ရောက်ရင် အစိုးရတစ်ရပ်ဖွဲ့နိုင်မယ်။ ဖွဲ့နိုင်ရင် အရေးပေါ်ကာလတာဝန်အရ ကာလုံသည် အာဏာလွှဲပြောင်းလို့ရပြီး ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပြီ။ အဲဒါက လက်ရှိပေးထားချက်။ အဲဒီတော့ SAC က ဘယ်လို သွားမှာလဲ။ ပုဒ်မ ၄၂၅ ကို ခြောက်လ နှစ်ကြိမ်ထပ်တိုးဖို့ လိုသလား၊ မလိုဘူးလားက တည်ငြိမ်အေးချမ်းမှုနဲ့ ရွေးကောက်ပွဲအခင်းအကျင်း။ 
ဒီအပေါ်မူတည်ပြီးမှ ရှေ့ဆက်သွားမှာလား။ ဘယ်တော့လုပ်မှာလဲ သူဆုံးဖြတ်လိမ့်မယ်။ အဲဒီတော့ ကျွန်တော်ထင်တယ် ၂၀၂၄ အလွန်လောက်တော့ မျှော်မှန်းလို့ရတာပေါ့" 

■ ဒေါက်တာအေးမောင်(ဥက္ကဋ္ဌ)
    ရခိုင့်ဦးဆောင်ပါတီ 
" အန်ကယ်တို့ တွက်ထားတာတော့ ၂၀၂၄ က ဖြစ်ဖို့ ရာခိုင်နှုန်းအရမ်းနည်းမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၂၄ အောက်တိုဘာမှာ သန်းခေါင်းစာရင်း ကောက်မယ်။ ကောက်ပြီးမှ ဖြစ်မှာပေါ့။ သန်းခေါင်းစာရင်းက အောက်တိုဘာဆိုရင် နှစ်လပဲ ကျန်တယ်လေ။ ၂၀၂၄ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ၂၀၂၅ မှ ဖြစ်မယ်လို့ ယူဆတယ်"

■ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း (ဥက္ကဋ္ဌ)
   ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
''နိုင်ငံတော်တာဝန်ရှိတဲ့သူတွေဘက်ကတော့ ရွေးကောက်ပွဲကို လုပ်ပေးမယ်လို့ ကမ္ဘာသိ၊တိုင်းသိ၊ ပြည်သိကြေညာထား တယ်။ ဒါတွေက အခြေအနေပေါ် မူတည် မယ်။ နိုင်ငံတော် လုံခြုံရေးအခြေအနေဘယ် လိုရှိသလဲ။ အဓိကကတော့ လွတ်လပ်ပြီး တ ရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်။ အဲဒီလိုဖြစ်ဖို့အတွက် အခြေအနေတွေက အဲဒီအပေါ်မှာ ဖန်တီးနိုင်ဖို့ လိုတယ်။ ရွေး ကောက်ပွဲက ဘယ်လိုအခြေအနေမှာ ဘယ် လိုမဲပေးလို့ ရတယ်ဆိုတာ ခင်ဗျားတို့ အခြေ ခံဥပဒေပုဒ်မ ၃၉၉ မှာ ရှိတယ်။   အဲဒီထဲ မှာ Partially ဘယ်လို လုပ်လို့ရတယ်ဆိုတာ ပြောထားတာရှိတယ်။  နိုင်ငံ တော်ရဲ့ လိုအပ် ချက်အတိုင်း နိုင်ငံတော် တာဝန်ရှိသူတွေက ဆောင်ရွက်သွားမှာပါ။  အကောင်းဆုံးဖြစ် အောင် လုပ်မှာပါ"

■ ဦးခင်ရီ (ဥက္ကဋ္ဌ)
    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ