စက်တင်ဘာ ၁၁ ရက်မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု)
■ သန်းခေါင်စာရင်း ကောက်ယူပြီးပါက ရွေးကောက်ပွဲကို အစောလျင်ဆုံး ကျင်းပနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌပြောကြား
■ မုတ်သုံလေအားအလွန်ကောင်းလာနိုင်ခြင်းနှင့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနှစ်ခုတွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်
■ မြစ်ရေကြီးချိန် ဆက်လက်ကြုံတွေ့နေသည့် ကမ်းပြိုဘေးနှင့်ရေဘေးကြောင့် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စုရှိ နေအိမ်များ ဘေးလွတ်ရာသို့ထပ်မံရွှေ့ပြောင်းနေရ
■ အင်ဒိုနီးရှားကျွန်းအနီးတွင် ရစ်ချ်တာစကေး ၆ ဒသမ ဝ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်
■ ဘရာဇီးတွင်ပြုလုပ်မည့် ဂျီ-၂၀ ညီလာခံကို ရုရှားသမ္မတပူတင် တက်ရောက်မည်ဆိုပါက ဖမ်းဆီးခံရမည်မဟုတ်ဟု ဘရာဇီးသမ္မတ ပြောကြား
■ အာရပ်ကမ္ဘာတွင် အကျော်ကြားဆုံးကစားသမားဖြစ်သူ ဆာလာအား ခေါ်ယူရန် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်း ထပ်မံကြိုးပမ်းမည်