သထုံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံတွေ့ရှိ
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း မြေတူးရာကနေ မုဒြာပုံစံအမျိုးမျိုးရှိတဲ့ ရုပ်လုံးပေါ်နဲ့ ကျိုးပဲ့နေတဲ့ ရှေးဟောင်းအုတ်ခွက်ဘုရားတွေကို စက်တင်ဘာလ (၁၅) ရက် နံနက်ပိုင်းက ထပ်မံတူးဖော်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။