အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်အား အသက်(၁၈)နှစ်အရွယ် အမျိုးသားမှ အဓမ္မပြုကျင့်ရာမှ ကလေးငယ်သေဆုံးမှု မြောင်းမြမြို့တွင် ဖြစ်ပွား
မြောင်းမြမြို့နယ်၊ ပြင်ပုံကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတစ်ရွာမှာ မတ်လ ၁ ရက်နေ့က KG တန်း တက်ရောက်နေတဲ့ အသက် (၆) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက်(၁၈)နှစ်ရွယ် အမျိုးသားတစ်ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်မှု ဖြစ် ပွားခဲ့ပြီး ကလေးငယ်ဟာ ဆေးရုံမှာ တက်ရောက်ဆေးကုသနေစဉ် အသက်ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။