ရဲတပ်ဖွဲ့ဝင်ကားတစ်စီး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိမှု ဖားကန့်တွင်ဖြစ်ပွား
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်လေးဦး စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရပါ တယ်။