■ ကမ္ဘာ့နိုင်ငံရေးအခြေအနေကိုအသုံးချပြီး ကာရာဘက်ဒေသတွင် ထိုးစစ်ဆင်ခဲ့သည့် အဇာဘိုင်ဂျန်
■ အာမေးနီးယားနိုင်ငံရဲ့ အင်အားနည်းပါးမှုနဲ့ ဖယ်ကြဉ်ခံထားရမှု၊ အနောက်နိုင်ငံတွေက အဇာဘိုင်ဂျန်ရဲ့ဓာတ်ငွေ့တွေ ကို လိုအပ်မှုနဲ့ ရုရှားကယူကရိန်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန်အဇာဘိုင်ဂျန်ရဲ့ ကာရာဘက်ဒေသမှာ ထိုးစစ်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။
■ ဓာတ်ငွေ့ပေါကြွယ်ဝတဲ့ အဇာဘိုင်ဂျန်ရဲ့နယ်နိမိတ်အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုခဲ့တဲ့ ကာရာ ဘက်ဒေသဟာ အာမေးနီးယားလူမျိုးစုတွေ အဓိကနေထိုင်တဲ့ဒေသဖြစ်ပြီး အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားအကြား ကာလကြာ ရှည်ဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။