ပုဂံဒေသသို့ လာရောက်လည်ပတ်မည့် ပြည်ပနိုင်ငံခြားသားများအတွက် အောက်တိုဘာ ၁ ရက်မှ စ၍ ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး နေထိုင်လည်ပတ်ခွင့်သက်တမ်းအား ငါးရက်အစား သုံးရက်အဖြစ် ပြောင်းလဲ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမူနယ်မြေကို လာရောက်လည်ပတ်မယ့်ပြည်ပနိုင်ငံခြားသား ဧည့်သည်တွေအတွက် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး ဇုန်ဝင်ကြေးကို ကျပ် ၃၀၀၀၀ သို့ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပြီး နေထိုင်လည်ပတ်ခွင့်ကို ငါးရက်အစား သုံးရက်(၇၂)နာရီအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ (စီမံဘဏ္ဍာ )ဒုညွှန်မူးဦးမြင့်သန်းက ပြောကြားခဲ့ပါတယ်။