ရုရှားအား ဒရုန်းနည်းပညာဆိုင်ရာ အစိတ်အပိုင်းများ ထောက်ပံ့မှုဖြင့် တရုတ်နှင့် ရုရှားကုမ္ပဏီများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်
စက်တင်ဘာ ၂၅ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏အစိုးရသည် တရုတ်ကုမ္ပဏီ ၁၁ ခုနှင့် ရုရှားကုမ္ပဏီငါးခုတို့ကို ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်အသစ်များချမှတ်ခဲ့ပြီး ၎င်းတို့အနက်မှ အချို့သည် ယူက ရိန်းစစ်ပွဲတွင် ရုရှားအသုံးပြုသည့် ဒရုန်းများ ပြုလုပ်ရန် အစိတ်အပိုင်းများ ပေးသွင်းခဲ့သည်ဟု စွပ်စွဲခဲ့သည်။