ဆယ်စုနှစ်တစ်ခုအတွင်း တောင်ကိုရီးယားက ပထမဆုံးအကြိမ်စစ်ရေးပြအခမ်းအနားပြုလုပ်၊ နျူကလီးယားခြိမ်းခြောက်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားကို သတိပေး

ဆယ်စုနှစ်တစ်ခုအတွင်း တောင်ကိုရီးယားက ပထမဆုံးအကြိမ်စစ်ရေးပြအခမ်းအနားပြုလုပ်၊ နျူကလီးယားခြိမ်းခြောက်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားကို သတိပေး
Published 27 September 2023

စက်တင်ဘာ ၂၆ ရက်က တောင်ကိုရီးယားဟာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အကြီးစား စစ်ရေးပြ အခမ်းအနား ပြုလုပ်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည်တွေကနေ တင့်ကားတွေအထိ စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို ဆိုးလ်မြို့ကိုဖြတ်သန်း ပြီး လှည့်လည်အင်အားပြခဲ့ပါတယ်။