ဆူဒန်အရှေ့ပိုင်းတွင် ကာလဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ ပြောကြား
ဆူဒန်စစ်တပ်နဲ့ ပြိုင်ဘက်အရန်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း လူပေါင်းထောင်ချီဟာ လူပြည့်သိပ်ကြပ် နေတဲ့စခန်းတွေမှာ ယာယီခိုလှုံနေထိုင်နေထိုင်နေကြရတဲ့ ဆူဒန်အရှေ့ပိုင်းမှာ ကာလဝမ်းရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီက စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။