အောက်လွှတ်တော်ဥက္ကဋ္ဌကီဗင်မက်ကာသီ ဖယ်ရှားခံရချိန်တွင် အမေရိကန်က ယူကရိန်းကို ဆက်လက်ထောက်ပံ့မည့်အကြောင်း သမ္မတဂျိုးဘိုင်ဒင်က မဟာမိတ်ခေါင်းဆောင်များကို ပြောကြား
အမေရိကန်မှာ ထပ်မံပေါ်ပေါက်လာတဲ့ နိုင်ငံရေးဆိုင်ရာ ကသောင်းကနင်းဖြစ်မှုတွေက လောလောလတ်လတ် စစ်ရေး အကူအညီတွေကို မရေမရာဖြစ်ပေါ်စေတဲ့အနေအထားမှာ သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် ဆက်လက်ပေးအပ်သွားမယ့် အမေရိကန်အကူအညီတွေကိစ္စ စိတ်ချလက်ချရှိစေဖို့ မဟာမိတ်နိုင်ငံကြီးတွေကို အောက်တိုဘာ ၃ ရက်မှာ ပြောကြားလိုက်ပါ တယ်။