အစ္စရေးနှင့် ဟားမာ့စ်အကြား ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ ခက်ခဲသည့် စစ်ပွဲတစ်ခု စတင်ပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သတိပေး
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာ့စ်စစ်သွေးကြွအဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို ရုတ်တရက် စီးနင်းတိုက် ခိုက်မှုကြောင့် နှစ်ဖက်စလုံးမှာ သေဆုံးသူ ရာချီရှိခဲ့မှုနဲ့အတူ အောက်တိုဘာ ၈ ရက်မှာလည်း အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟားမာ့စ်စစ် သွေးကြွများအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ကာ ရှည်လျားပြီးခက်ခဲတဲ့စစ်ပွဲတစ်ခု စတင်ပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟုက သတိပေးခဲ့ပါတယ်။