ဂါဇာတွင် အစ္စရေး၏ လုပ်ဆောင်ချက်များသည် မိမိကိုယ်ကိုယ်ကာကွယ်မှု အတိုင်းအတာထက် ကျော်လွန်နေကြောင်း တရုတ် ပြောကြား
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေဟာ မိမိကိုယ်ကိုယ်ကာကွယ်မှုအတိုင်းအတာထက် ကျော် လွန်နေကြောင်းနှင့် အစ္စရေးအစိုးရအနေနဲ့ ဂါဇာဒေသခံတွေကို ရောနှောအပြစ်ပေးနေမှုကို ရပ်တန့်ရမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။