ဂါဇာ ကမ်းမြောင်ဒေသရှိ ဆေးရုံတစ်ရုံ တိုက်ခိုက်ခံရပြီးနောက် အမေရိကန် သမ္မတ၊ ပါလက်စတိုင်း သမ္မတတို့နှင့် ပြုလုပ်မည့် အစည်းအဝေးကို ဂျော်ဒန်ဘက်က ဖျက်သိမ်း (ရုပ်သံ)
အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အစ္စရေးနိုင်ငံကို ရောက်မလာမီတစ်ရက်အလို အောက်တိုဘာ ၁၇ ရက်တွင် ဂါဇာမြို့ရှိ အယ်အာလီအာရပ်ဆေးရုံ၌ ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လူရာချီ သေဆုံးသွားသည်ဟု ပါလက်စတိုင်းအာဏာပိုင်များက ပြောကြားသည်။