ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၀၀ မှ ၃၀၀ ကြား ရှိနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်း ခန့်မှန်း

ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၀၀ မှ ၃၀၀ ကြား ရှိနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်း ခန့်မှန်း
Published 20 October 2023

အောက်တိုဘာ ၁၇ ရက်က ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ Al-Ahli Al-Arabi ဆေးရုံတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူ ၁၀၀ ကနေ ၃၀၀ ကြားရှိနိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ခန့်မှန်းခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက် မှာ အေအက်ဖ်ပီသတင်းက ဖော်ပြပါတယ်။