လားရှိုးမြို့ပတ်ဝန်းကျင်တွင် ပစ်ခတ်သံများကြားနေရဆဲဖြစ်ပြီး စစ်ဘေးရှောင်သူဦးရေ ၁၅၀၀ ကျော်ထိရှိလာ၊ သိန္နီမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ဖုန်းလိုင်းများ ပြတ်တောက်နေ
လားရှိုးမြို့ပတ်ဝန်းကျင်တွင် ပစ်ခတ်သံများကြားနေရဆဲဖြစ်ပြီး စစ်ဘေးရှောင်သူဦးရေ ၁၅၀၀ ကျော်ထိရှိလာ၊ သိန္နီမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ဖုန်းလိုင်းများ ပြတ်တောက်နေ
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်မှာ အောက်တိုဘာ ၂၈ ရက်ညပိုင်းက ရှော့တိုက်ဒုံးနဲ့ မြို့ တွင်းကို ပစ်ခတ်သံတွေအပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ရပြီး ဒီကနေ့ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှာလည်း ပစ်ခတ်သံတွေ ခပ်စိတ်စိတ်ကြားရပြီး မွန်းလွဲပိုင်းမှာ ပြန်လည်ငြိမ်သက်နေတယ်လို့ သိရပါတယ်။