ဦးပိန်တံတားအရှေ့ခြမ်းရှိ တံတားအခန်းနှစ်ခန်း သီတင်းကျွတ်လပြည့်နေ့က ကျိုးကျပြီးနောက် တံတားခေတ္တခဏပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၃၀ ရက်တွင် တံတားပေါ်သို့ ပြန်လည်တက်ရောက်ခွင့်ပြု
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအတွင်းတည်ရှိတဲ့ ဦးပိန် တံတားအရှေ့ခြမ်းတံတားအခန်းနှစ်ခန်း အောက်တိုဘာ ၂၉ ရက်က ကျိုးကျပြီးနောက် တံတားခေတ္တခဏပိတ်ထားခဲ့ရာ အောက်တိုဘာ ၃၀ ရက်နေ့မှာ တံတားပေါ်ကို ပြန်လည်တက်ရောက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။