ဟာရီကိန်းမုန်တိုင်း အော်တစ်စ် ဝင်ရောက်တိုက်ခတ်မှုကြောင့် မက္ကဆီကိုတွင် သေဆုံး၊ပျောက်ဆုံးသူ ၁၀၀ အထိရှိလာ
ပြီးခဲ့တဲ့ သီတင်းပတ်က မက္ကဆီကိုနိုင်ငံရဲ့ ပစိဖိတ်အပန်းဖြေမြို့ အကာပူလ်ကို ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အဆင့်-၅ ဟာရီကိန်းမုန်တိုင်း အော်တစ်စ်ကြောင့် သေဆုံး၊ ပျောက်ဆုံးသူဦးရေဟာ ၁၀၀ အထိ မြင့်တက်လာကြောင်း ပြည်နယ်အစိုးရက အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။