ဂါဇာ၌ အရပ်သားသေဆုံးမှုများက အစ္စရေး၏စစ်ဆင်ရေးမှားယွင်းနေပုံကို သက်သေပြနေသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား
ဂါဇာကမ်းမြောင်မှာ အရပ်သားသေဆုံးမှုတွေဟာ ဟားမာ့စ်ကိုဆင်နွှဲနေတဲ့ အစ္စရေးရဲ့စစ်ဆင်ရေးတွေ သိသိသာသာ မှားယွင်းနေတယ်ဆိုတာကို သက်သေပြနေတယ်လို့ နိုဝင်ဘာ ၈ ရက်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ထုတ်ဖော်ပြောကြားပါတယ်။