■ လားရှိုးနှင့် ကွမ်းလုံအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ရှစ်မြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာ
■ ပြည်တွင်း၌ စက်သုံးဆီ အလုံလောက်ရှိပြီး 92 ဂါလန် ၁၃ သန်းကျော်နှင့် ဒီဇယ်ဂါလန် သန်း ၃၀ ကျော်ရှိကာ ဆီတင်သင်္ဘော ၁၅ စင်းခန့် ထပ်မံရောက်ရှိမည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
■ တရုတ်နိုင်ငံ၊ ဝမ်ကျိုးမြို့ ပြည်သူ့လုံခြုံရေးဗျူရိုက ကိုးကန့်စီးပွားရေးလုပ်ငန်းရှင် လေးဦးကို ဖမ်းဝရမ်းထုတ်
■ လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ အမေရိကန်၌ တွေ့ဆုံမည်ဟု နှစ်နိုင်ငံ တာဝန်ရှိသူများ အတည်ပြု
■ ဟားမာ့စ်နှင့် အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုများကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ငြင်းဆို