လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ အမေရိကန်၌ တွေ့ဆုံမည်ဟု နှစ်နိုင်ငံ တာဝန်ရှိသူများ အတည်ပြု
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ တစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှု အဖြစ် လာမယ့်သီတင်းပတ်အတွင်း ဆန်ဖရန်စစ္စကိုမြို့မှာကျင်းပမယ့် အေပက်ထိပ်သီးအစည်းအဝေး ဘေးဆွယ်တွေ့ဆုံမှု ပြု လုပ်သွားမယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက နိုဝင်ဘာ ၁၀ ရက်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။