ရုရှား၏ ဆောင်းတွင်း ထိုးစစ်အတွက် ယူကရိန်းသားများ ပြင်ဆင်ထားရမည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး သတိပေ
ယူကရိန်းသားများသည် ဆောင်းရာသီ နီးကပ်လာသောကြောင့် အခြေခံအဆောက်အအုံများကို ရုရှား၏ တိုက်ခိုက်မှုအသစ်များအတွက် ပြင်ဆင်ထားရမည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက သတိပေးပြောကြားလိုက်ပြီး ယူကရိန်းစစ်သားများသည် စစ်ပွဲ၏ အရှေ့ဘက်စစ်နယ်ဝန်းတွင် ထိုးစစ်တစ်ရပ်ကို ကြိုတင်မျှော်မှန်းပြီး ပြင်ဆင်နေသည်ဟု ဆိုသည်။