မြောက်ကိုရီးယားကို တန်ပြန်သည့် အဓိကစစ်ဘက်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို တောင်ကိုရီးယားနှင့် အမေရိကန် ချိန်ညှိပြင်ဆင်
နိုဝင်ဘာ ၁၃ ရက်က အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတို့ သည် မြောက်ကိုရီးယားကို တန်ပြန်သည့် အဓိက စစ်ဘက်ဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို ချိန်ညှိပြင်ဆင်ခဲ့ပြီး နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးသည် ယခင်ထက် ပိုမိုခိုင်မာအားကောင်းလာသည်ဟုလည်း ၎င်းတို့က ကြွေးကြော်ခဲ့သည်။