ဂါဇာမြို့ရှိ ပါလီမန်အဆောက်အအုံနှင့် အခြားအစိုးရ အဆောက်အအုံများကို သိမ်းယူခဲ့ဟု အစ္စရေးစစ်တပ် ပြောကြား(ရုပ်သံ)
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာဒေသမှာ နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင်လျက်ရှိရာ ဂါဇာမြို့မှာရှိတဲ့ ပါလီမန်အဆောက် အအုံနဲ့ ဟားမာ့စ်လက်နက်ကိုင်အဖွဲ့အသုံးပြုနေတဲ့ အခြားအစိုးရအဆောက်အအုံတွေကို သိမ်းယူခဲ့တယ်လို့ အစ္စရေးစစ်တပ်က နိုဝင်ဘာ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။