ဓားစာခံများလွတ်မြောက်ရေးကိစ္စ ဟားမာ့စ်နှင့်သဘောတူညီမှုရမည်ဟုယုံကြည်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ပြောကြား
ဟားမာ့စ်စစ်သွေးကြွအဖွဲ့က ဂါဇာကမ်းမြောင်မှာ ထိန်းသိမ်းထားတဲ့ဓားစာခံတွေပြန်လွှတ်ပေးရေးအတွက် ဟားမာ့စ်နဲ့ အပေးအယူတစ်ရပ် မကြာမီဖြစ်လာမယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားလိုက် ပေမယ့်လည်း ဒီအပေးအယူနဲ့ သက်ဆိုင်တဲ့ အသေးစိတ်တွေကို ၎င်းက ပြောကြားခြင်းမရှိခဲ့ပါဘူး။