တောင်ငူအနီးတွင် ပစ်ခတ်သံများဆက်တိုက်ကြားရပြီးနောက် တောင်ငူမြို့မှ သံတောင်ကြီးဒေသသို့ ဆက်သွယ်ထားသော စစ်တောင်း (သံတံတား) ကြီးအား လုံခြုံရေးတင်းကြပ်စစ်ဆေးမှုများ ပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ ပစ်ခတ်သံတွေ၊ လက်နက်ကြီးသံတွေ မကြာခဏကြားရပြီးနောက် တောင်ငူမြို့ကနေ သံတောင်ကြီးဒေသနယ်မြေတွေကို ဆက်သွယ်ထားတဲ့ စစ်တောင်း (သံတံတား) ကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက တံတားအားပိတ်ဆို့ပြီး လုံခြုံရေး တင်းကြပ်စစ်ဆေးမှုတွေ ပြုလုပ် လျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။