ဓားစာခံများကို ပြန်လွှတ်ပေးရန်နှင့် တိုက်ခိုက်မှုများကို ယာယီရပ်ဆိုင်းထားရန် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ ကနဦးသဘောတူညီ ခဲ့ဟု ဝါရှင်တန်ပို့စ်သတင်းစာ ဖော်ပြ
ဂါဇာဒေသမှာ ဟားမာ့စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ပြန်လွှတ်ပေးဖို့နဲ့ အပြန်အလှန်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ငါးရက်ကြာရပ်ဆိုင်းထားဖို့ အစ္စရေး၊ အမေရိကန်ပြည်ထောင်စုနဲ့ ဟားမာ့စ်အဖွဲ့ တို့ ကနဦးသဘောတူညီမှုရရှိခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။