လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ဆရာမများ တစ်စုံတစ်ခုထိခိုက်နစ်နာခဲ့ပါက ဖမ်းဆီးထားသောအဖွဲ့သည် ကြီးလေးသည့် ပြစ်ဒဏ်ခံရမည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် ထိတွေ့မှုဖြစ်စဉ်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ တစ်စုံတစ်ခု ထိခိုက်နစ်နာခဲ့ပါက ဖမ်းဆီးထားသော အဖွဲ့သည် ကြီးလေးသည့် ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။