နိုဝင်ဘာ ၂၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- မူဆယ်မြို့ ကျင်စခန်းကျော့ဂိတ်ရှိ ဆဲဗင်းဟွာကျင့်ကားဝင်းအတွင်း Drop Bomb ကျရောက်ပေါက်ကွဲခြင်းကြောင့် ကုန်တင်ကား ၂၅၈ စီးအနက် အစီး ၁၂၀ မီးလောင်ပျက်စီးဟု နစက ထုတ်ပြန်
- ယခုနှစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၂ အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည့်တရားမဝင် ဝင်ရောက် နေထိုင်သူ တရုတ်နိုင်ငံသား ၅၂၀၆ ဦးရှိပြီဖြစ်
- ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း စားအုန်းဆီတန်ချိန် ၂၉၄၄၅၇ တန် တင်သွင်းထားပြီး ယခင်နှစ် ကာလတူထက် ၂၈ ရာခိုင်နှုန်း ပိုမိုတင်သွင်းထား
- တောင်ကိုရီးယားနှင့် စစ်ရေးသဘောတူညီချက်ကို မြောက်ကိုရီးယား ရပ်ဆိုင်းခဲ့ပြီး နယ်စပ်တွင် စစ်လက်နက်အသစ်များ ဖြန့်ကြက် သွားမည်ဟု ပြောကြား
- ဂါဇာကမ်းမြောင်ဒေသသည် ကမ္ဘာပေါ်တွင် ကလေးများအတွက် အန္တရာယ်အများဆုံးနေရာဖြစ်ကြောင်း ယူနီဆက်ဖ် ပြောကြား
- တရုတ်နှင့် စစ်ပွဲဖြစ်ပွားခြင်းသည် ရွေးချယ်စရာမဟုတ်ဟု ထိုင်ဝမ်ဒုတိယသမ္မတလောင်း ပြောကြား
- အဲဗာတန်နှင့်ပွဲတွင် လုခ်ရှော ပြန်ကစားနိုင်ရန် တန်ဟက်ဂ် မျှော်လင့်