ရှမ်းမြောက်က အခြေအနေများကြောင့် လတ်တလောတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပင်လယ်ရေကြောင်းမှ သာ တရုတ်သို့ ဆန်တင်ပို့နေ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့်အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်မှုက လတ်တလောတွင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပင်လယ်ရေကြောင်းမှသာ တရုတ်သို့ဆန်တင်ပို့နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နိုဝင်ဘာ ၂၅ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။