မြန်မာနိုင်ငံရှိ နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၆၄၈ ဦးကို တရုတ်နိုင်ငံသို့ ထပ်မံလွှဲ ပြောင်း (ရုပ်သံ)
မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို စိစစ်ဖော်ထုတ်လျက်ရှိရာ နိုဝင်ဘာ ၂၆ ရက် မှာ တရုတ်နိုင်ငံသား အမျိုးသား ၅၈၀ ဦး၊ အမျိုးသမီး ၆၈ ဦး၊ စုစုပေါင်း ၆၄၈ ဦးအား တွေ့ရှိခဲ့ပြီး ဥပဒေနဲ့အညီ လိုအပ်တဲ့ စိစစ် တာတွေ ဆောင်ရွက်ကာ တရုတ်နိုင်ငံကတာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။