မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ကလေးငယ်နှစ်ဦး အပါအဝင်လေးဦးသေဆုံးကာ ခုနစ် ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထား
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု ကျေးရွာအုပ်စု ၁၀၅မိုင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဇုန် အတွင်း ယနေ့(နိုဝင်ဘာ ၂၇ ရက်)အထိ တိုက်ပွဲများပြင်းထန်စွာဆက်လက်ဖြစ်ပွား နေပြီး ကလေးငယ် နှစ်ဦး အပါအဝင်လေးဦးသေဆုံးကာ ခုနစ် ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။