မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သွင်းကုန် ကုန်စစ်ရုံအဆောက်ဦးများ ပျက်စီးကာ ယာဉ်မောင်း တစ်ဦး သေဆုံး(ရုပ်သံ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု ၁၀၅ မိုင်၊ မြန်မာ - တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဇုန်စခန်းအတွင်း နိုဝင်ဘာ ၂၆ ရက် ညပိုင်းက တပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွား မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သွင်းကုန် ကုန်စစ်ရုံအဆောက်အဦတွေ ပျက်စီးခဲ့ကြောင်းနဲ့ ကုန်သွယ်ရေးဇုန်အပြင်ဘက်မှာ ယာဉ်မောင်းတစ်ဦးသေဆုံးကာ တစ်ဦး ထိမှန်ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။