မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အနီး တိုက်ပွဲဖြစ်ပွားမှုပြင်းထန်နေပြီး လူနေအိမ်အချို့ ပျက်စီးမှုရှိကာ အရပ်သားထိခိုက်သေဆုံးမှုများဆက်လက်ရှိနေပြီး လူတစ်ထောင်ကျော် စစ်ဘေးရှောင်နေရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယုကျေးရွာအုပ်စု ၁၀၅ မိုင် မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်း ယနေ့ (နိုဝင်ဘာ ၂၈ ရက်) ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွား နေခြင်းကြောင့် လူနေအိမ်အချို့ ပျက်စီးမှုရှိကာ အရပ်သားထိခိုက်သေဆုံးမှုများဆက်လက်ရှိနေပြီး လူတစ်ထောင်ကျော် စစ်ဘေးရှောင်နေရကြောင်းသိရပါတယ်