မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်သုံးဦးကျည်ထိမှန်ကာ ဒေသခံ ရာကျော် ပိတ်မိနေ (ရုပ်သံ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု၊ ၁၀၅ မိုင် မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဇုန်စခန်းအတွင်း နိုဝင်ဘာ ၂၉ ရက်က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်သုံးဦး သေနတ် ကျည်ထိမှန်ခဲ့ကာ ဒေသခံ ရာကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။